ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ လူသုံးကုန် ဆပ်ပြာရည်နှင့် မှန်ကြည်ဆေးပြုလုပ်နည်း သင်တန်းဖွင့်လှစ်

ရေဖြူ  မေ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် အားလပ်ချိန်တွင် လူငယ်လူရွယ်များ အချိန်ကို တန်ဖိုးရှိရှိအသုံးချတတ်စေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူသုံးကုန် ဆပ်ပြာရည်နှင့် မှန်ကြည်ဆေးပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်က လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သင်တန်းတွင် ဆပ်ပြာရည်နှင့် မှန်ကြည်ဆေးလုပ်နည်းအား ဒေါ်မေသူနိုင်(အငယ်တန်းစာရေး)က သင်ကြား‌ပေးခဲ့သည်။

အဆိုပါသင်တန်းကို မေလ ၁၀ ရက်နေ့တစ်ရက်တာ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ရေဖြူမြို့အခြေခံပညာအထက်တန်း ကျောင်းမှ အထက်တန်းကျောင်းကျောင်းသူ (၁၀)ဦး သင်တန်းတွင် သင်ကြားလျက်ရှိကြောင်း သိရသည်။

ခတ္တာ