ဟုမ္မလင်း မေ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ ဒုတိယအကြိမ် ပြည်သူ့စစ်မှုထမ်းသင်တန်းသို့ တက်ရောက်မည့် သင်တန်းသားများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲကို မေလ (၈)ရက်နေ့ နေ့လယ်(၁)နာရီအချိန်က ဟုမ္မလင်းမြို့၊ လေတပ်စခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းမှ သင်တန်းသားများအား အားပေးစကားပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းတက်ရောက်မည့် သင်တန်းသား(၄၇)ဦးအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ခဲ့သည့် သင်တန်းသားတစ်ဦးလျှင် (၁)သိန်းကျပ်အား ဟုမ္မလင်း လေတပ်စခန်းဌာနချုပ်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦးနှင့် အရာရှိစစ်သည်တော်များ ကလည်းကာင်း၊ ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် အဖွဲ့ဝင်များက လည်းကောင်း၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များက လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ဒုတိယအကြိမ် ပြည်သူ့စစ်မှု ထမ်းသင်တန်းသို့ တက်ရောက်မည့် သင်တန်းသား များမှာ ဟုမ္မလင်းမြို့နယ်မှ(၂၀)ဦး၊ ဖောင်းပြင်မြို့နယ်မှ(၆)ဦး၊ ခန္တီးမြို့နယ်မှ (၁၂)ဦး၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်(၇)ဦး၊ လေရှီးမြို့နယ်မှ(၂)ဦး စုစုပေါင်း(၄၇)ဦးအား ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦးနှင့် အရာရှိစစ်သည် တော်များ၊ ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များက ဟုမ္မလင်းလေဆိပ်သို့ လိုက်လံပို့ဆောင်ခဲ့ရာ (၂)နာရီခွဲအချိန်တွင် တပ်မတော်လေယာဉ်ဖြင့် ဟုမ္မလင်းမြို့မှ ကလေး မြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အလားတူ ဟုမ္မလင်းမြို့နယ်အတွင်း ပထမအကြိမ် ပြည်သူ့စစ်မှုထမ်းသင်တန်းသို့ တက်ရောက် မည့် သင်တန်းသား(၁၀)ဦးကိုလည်း ၂၇-၃-၂၀၂၄ ရက်နေ့တွင် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)