မိုးနဲ မေ ၁၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာန (Korea CCC)တို့ ပူးပေါင်းဆောင်ရွက်သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်အတွင်းရှိ ကျေးရွာအိမ်ထောင်စုများအား စွမ်းအားမြှင့်မီးဖိုများ သုံးစွဲခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများပေးအပ်ခြင်းကို ကျေးရွာများအရောက် ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မိုက်ဟိုင်းကျေးရွာတွင်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးက စွမ်းအားမြှင့်မီးဖိုများသုံးစွဲခြင်းဆိုင်ရာ အသိပညာပေးခြင်း၊ ဖြန့်ဖြူးပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မိုက်ဟိုင်းကျေးရွာအုပ်စုရှိ အိမ်ထောင်စု(၄၅၈)စုအတွက် စွမ်းအားမြှင့်မီးဖို ၄၅၈ လုံးကို ပေးအပ်ရာ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ/သားများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ