နတ်​မောက်မြို့နယ်တွင် နွေစပါး ၁၁၆၂ ဧက စိုက်ပျိုးပြီးစီး၍ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်

နတ်မောက် မေ ၁၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ယခုနှစ်နွေစပါးဧက(၇၇၄)လျာထားပြီး (၁၁၆၂)ဧက စိုက်ပျိုးပြီးစီး၍ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။

နတ်မောက်မြို့နယ်ရှိ ကျောက်တံခါးကျေးရွာ၊ လျှော်ချောင်းကြီးကျေးရွာ၊ အင်းကုန်းကျေးရွာ၊ န/ကျားထူးကျေးရွာ၊ အလယ်ရွာကျေးရွာနှင့် အောင်ဆန်းရပ်ကွက်များတွင် စိုက်ပျိုးထားသော နွေစပါးများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်း၊ ပိုးမွှားကျရောက်မှု မရှိစေရန် ကင်းထောက်ခြင်း၊ ပေါင်းနှုတ်ခြင်း၊ မျိုးကွဲနှုတ်ပယ်ခြင်း၊ ဓာတ်မြေဩဇာစနစ်တကျ သုံးစွဲခြင်းစသည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

နတ်မောက်မြို့နယ်တွင် နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုသန့်များ ဖြန့်ဖြူးစိုက်ပျိုးထားရှိပြီး ယခုနှစ်အတွင်း ဆာဖိုးသာစပါးမျိုး(၂၄၈)ဧက ပြောင်းလဲစိုက်ပျိုးနိုင်ခဲ့သည်။ မြေဩဇာအချိန်ကိုက် အချိုးကျစိုက်ပျိုးနိုင်ရေးအတွက် သဘာဝမြေဩဇာများ ပေါင်းစပ်ထည့်သွင်းနိုင်ရေး တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများက လက်တွေ့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှဝင်း