ရေနံချောင်း မေ ၁၄
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် အပူပိုင်းဒဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက မိုးကြိုကာလစိုက်ပျိုးခြင်းအဖြစ် မြို့ရှောင်လမ်း အထူးစိမ်းလန်းစိုပြည်ရေးဇုံစီမံကိန်း စိုက်ခင်းအမှတ်(၄/၂၀၂၄)တွင် အထူးစိမ်းအပင်ကြီး ၁၀၀၀ ပင်ကို ရေလောင်းစိုက်ပျိုးထားကြောင်း သိရသည်။
အဆိုပါစိုက်ခင်းအတွင်း တမာပင် ၂၀၀ ၊ ရှားပင် ၂၀၀ ၊ မယ်ဇလီပင် ၂၀၀ ၊ ဖျောက်ဆိတ်ပင် ၂၀၀ ၊ ပဲချယ်ရီပင် ၂၀၀ စုစုပေါင်းအပင် ၁၀၀၀ ကို ယခုနှစ် ဧပြီလ ၄ ရက်နေ့မှ စတင်ကာ မေလ ၅ ရက်နေ့တွင် အပြီးစိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ မိုးကြိုကာလ စိုက်ပျိုးခြင်းအဖြစ် မိုးဦးမကျမီ အပင်များ ရှင်သန်ကြီးထွားစေရန်အတွက် နေ့စဉ်ရေလောင်းခြင်းနှင့် ပြုစုပျိုးထောင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းစိုးဝင်းထံက သိရသည်။
ရေနံချောင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ရာသီဥတုဖောက်ပြန်မှုကို တားဆီးကာကွယ်နိုင်ရေး၊ ဂေဟစနစ်ထိခိုက်ပျက်စီးမှုကို တားဆီးကာကွယ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေကာ လူသားများနင့် အခြားတိရစ္ဆာန်များကို အကျိုးပြုနိုင်စေရန်အတွက် အထူးစိမ်းလန်းစိုပြည်ရေးဇုံစီမံကိန်းများ ဖော်ဆောင်ကာ သစ်တောသစ်ပင်များကို နှစ်စဉ်တိုးချဲ့စိုက်ပျိုးပြုစုပျိုးထောင်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)