ကျိုင်းတုံမြို့၌ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျိုင်းတုံ မေ ၁၄

ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ)ရုံး၊ အစည်းအ‌ဝေးခန်းမတွင် ကျင်းပသည်။

ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်က အမှာစကားပြောကြားပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေး၊ အသိပညာပေးရေး စသည့်ကဏ္ဍများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတွင်းရေးမှူးတို့က  ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

ထို့နောက် တင်ပြချက်များအပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ပြည်သူများ၏ လူမှုစီးပွားရေးကဏ္ဍဖွံ့ဖြိုးရေး၊  ပညာရေး၊ ကျန်းမာရေးနှင့် ဒေသတွင်းဖွံ့ဖြိုးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စွာဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)/ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)