ပိုင်ကျုံ မေ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှတ်(၂)ရပ်ကွက် စံပယ်လမ်းပေါ်ရှိ လမ်းဘေးဝဲယာအား အုတ်စီရေမြောင်း တည်ဆောက်ခြင်းကို မေလ ၆ ရက်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၅၀ ရာခိုင်နှုန်း ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေ ကျပ်(၁၉.၅၄၀)သန်းဖြင့် အရှည် ၂၅၁ ပေ၊ အကျယ် ၂ ပေ၊ အမြင့် ၃ ပေရှိပြီး လုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများတို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများပြီးစီးပါက မြို့သာယာလှပလာမည့်အပြင် မိုးတွင်းကာလအတွင်း ရေစီးရေလာ ကောင်း မွန်လာမည်ဖြစ်ပြီး ဒေသနေပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အညီ လူနေမှုဘဝနှင့် သွားရေးလာရေးအတွက် အဆင်ပြေလာမည်ဖြစ်ကြောင်း ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်တွင် အုပ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း (၆) ခုဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)