အမြို့မြို့အနယ်နယ်သတင်းများ

Jul 16,2025
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့က သိမ်ကုန်းကျေးရွာရှိ ဒေသခံတောင်သူများအား ဆက်လက်ထုတ်ချေးပေးသည်။
Jul 16,2025
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြိုနယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်းအတွက် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။
Jul 16,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း( ထန်းတပင်)တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျောင်းတွင်းမူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပိုစတာပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
Jul 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  ယနေ့နံနက်(၁၀)နာရီက မုန့်ပေါင်းကျေးရွာ “အလင်းသစ် ” စာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့်ရင်းနှီး ကျွမ်းဝင်လာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jul 16,2025
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ငွေနှင်းမှိုကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး အချိန်တိုအတွင်း မိသားစုဝင်ငွေပိုမိုရရှိလာကာ ယခုအချိန်တွင် ကျေးရွာများ၌ မှိုစိုက်ပျိုးရောင်းချသူများ များပြားလာ၍ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
Jul 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လည်(၁)နာရီက အခြေခံပညာမူလတန်း ​(၅၁၃)ကျောင်းသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။
Jul 16,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ရာဖူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ယနေ့နံနက် ၉ နာရီက ကျောင်းသာယာလှပစေရေးအတွက် ရည်ရွယ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။
Jul 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌​ အာဇာနည်နေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။