ဆီဆိုင် ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြိုနယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်းအတွက် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီအောင်က သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူတို့မှ သင်တန်းသူများအား ကုန်ချောပစ္စည်းများကို အသီးသီးပေးအပ်ခဲ့ပြီး အမှတ်တရမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါ စက်ချုပ်နည်းပညာသင်တန်းကို သင်တန်းသူ(၁၁)ဦးတက်ရောက်ကြရာ အခြေခံသင်တန်း ဇွန်လ(၁၇)ရက်နေ့မှ ဇူလိုင်လ(၁၆)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး မွမ်းမံသင်တန်းအား ဩဂုတ်လ (၆)ရက်နေ့မှ ဩဂုတ်လ (၂၀)ရက်နေ့အထိ ထပ်မံဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)