ကလိန်အောင်မြို့တွင် ကျောင်းသာယာလှပစေရေးအတွက် စုပေါင်းသစ်ပင်စိုက်ပျိုး

ကလိန်အောင် ဇူလိုင် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ရာဖူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ယနေ့နံနက် ၉ နာရီက ကျောင်းသာယာလှပစေရေးအတွက် ရည်ရွယ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးရာတွင် ရာဖူးကျေးရွာ အခြခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်စိန်နှင့် ဆရာ၊ ‌ဆရာများ၊ ကျန်စစ်သားအသင်း၊ ဘုရင့်နောင်အသင်း၊ အလောင်းဘုရားအသင်း၊ ဗန္ဓုလအသင်းဟူ၍ အသင်းအဖွဲ့အလိုက် နာနတ်သီးပင်၊ ကိုကိုးသီးအပင်တို့ကို တပျော်တပါး စုပေါင်း၍ စိုက်ပျိုးကြကြောင်း သိရသည်။

ကလိန်အောင်(ပြန်/ဆက်)