ထန်းတပင်(ပဲခူး) ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း( ထန်းတပင်)တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျောင်းတွင်းမူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပိုစတာပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ထို့နောက်ပြိုင်ပွဲကိုကျင်းပရာ “ကဗျာပြိုင်ပွဲတွင်အာဇာနည်မြတ်မမေ့အပ်” ခေါင်းစဥ်ဖြင့်လည်းကောင်း စာစီစာကုံးပြိုင်ပွဲတွင် “ဂုဏ်ယူပါသည်အာဇာနည်” ခေါင်းစဥ်ဖြင့်လည်းကောင်း ကျောင်းသား၊ ကျောင်းသူ (၅၇)ဦးဝင်ရောက်ယှဥ်ပြိုင်ပြီး ပန်းချီနှင့်ပိုစတာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၇၅)ဦးတို့မှ ခေါင်းစဥ်အလိုက်ပါဝင်ယှဥ်ပြိုင်၍ ဆုရရှိသော ကျောင်းသား/သူများကို ပညာရေးစုံညီပွဲတော်တွင် ဆုများပေးအပ်ချီး မြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)