ပင်လုံမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်

ပင်လုံ ဇူလှိုင် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လည်(၁)နာရီက အခြေခံပညာမူလတန်း ​(၅၁၃)ကျောင်းသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့မလာရောက်နိုင်သူများအား စာပေများလက်ဝယ်အရောက် ငှားရမ်းဖတ်ရှုနိုင်ရန်စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်စွမ်းရည်မြှင့်တတ်စေရန်၊ အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ စာဖတ်ပရိတ်သတ်များထံ လက်ဝယ်အရောက်ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ပင်လုံမြို့ရုံးဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများနှင့်ရပ်ကွက်များအား အလှည့်ကျသွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)