စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်ဆည် ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  ယနေ့နံနက်(၁၀)နာရီက မုန့်ပေါင်းကျေးရွာ “အလင်းသစ် ” စာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့်ရင်းနှီး ကျွမ်းဝင်လာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ကျောင်းသား၊ ကျောင်းသူများ အားဗလငါးတန်နှင့်ပြည့်စုံစေရန်၊ စာပေများ ဖတ်ရှုလေ့လာကြရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးလာစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ဟောပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူများမှ အလင်းသစ်စာကြည့်တိုက်မှ စာအုပ်များအား စိတ်ပါဝင်စားစွာ ဖတ်ရှုခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)