အမြို့မြို့အနယ်နယ်သတင်းများ

Jul 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)တပ်ဆင်ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊  ခရိုင်အဆင့် အဆင့်မြင့်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ် ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့ မွန်းလွဲ ၂ နာရီတွင်  ဒဂုံမြို့သစ်ခရိုင်  မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jul 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရ်ိုင်၊ အင်္ဂပူမြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု၊ ရွှေတောင်စု (စံပြ)ကျေးရွာခန်းမတွင် ဇူလိုင်လ(၁၃)ရက်နေ့ နေ့လယ်ပိုင်းက ရွှေလဝန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းသားများအား တိုင်းဒေသကြီးဘတ်ဂျက် လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ အရင်းမပျောက်မတည်ငွေဖြင့် (သတ္တမအကြိမ်) သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။
Jul 15,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အမျိုးသမီးရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အိမ်တွင်းမှု ဝင်ငွေတိုး လုပ်ငန်းအကြောင်း ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပါရမီဒေါင့်ကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅- ၂၀၂၆ ခုနှစ်မိုးစပါး နယူးဧရာ - 11 စပါမျိုး (၁၂)ဧကအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Jul 15,2025
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ဆိပ်ဖြူ (အ.ထ.က)ကျောင်း၌ ပြုလုပ်သည်။
Jul 15,2025
စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၅) ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Jul 15,2025
လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို လက်ပံကုန်းကျေးရွာ အ.လ.က လက်ပံကုန်းကျောင်း၌ ယမန်နေ့မွန်းလွဲ (၂)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။