အမြို့မြို့အနယ်နယ်သတင်းများ

Jul 15,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စုအတွင်း  ဧရာဝတီမြစ်ရေမြင့်တက်လာပါက ရေဝင်ရောက်နိုင်သည့်ကျေးရွာများသို့ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလိုက်လံနှိုးဆော်ခြင်းကို ဇူလိုင် ၁၄ ရက်၊ မွန်းလွဲပိုင်းအချိန် က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jul 15,2025
ဝါးခယ်မမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကဦးဆောင်ဖွင့်လှစ်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းသင်တန်းကို ဝါးခယ်မမြို့နယ် မင်းပိုင်းရပ်ကွက် ရွှေခယ်သီရိအားကစားခန်းမ၌ ယမန်နေ့နံနက်ပိုင်းမှစကာ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
Jul 15,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုနည်းသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Jul 15,2025
အနာဂတ်မျိုးဆက်သစ်လူငယ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်းသိရှိပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား အတုယူလေးစားစေရန် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀) နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  ကဗျာ၊ စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာ‌ပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 15,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၁၃ ရက်နေ့ မွန်း လွဲ ၁ နာရီအချိန်က ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကျင်းပပြုလုပ်ရာ ဒေါပုံမြို့နယ်စာရေးဆရာအသင်း နာယကကြီးများ၊ အလုပ်အမှုဆောင်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။
Jul 15,2025
သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန္၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယမန်နေ့နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ်(၉)ရပ်ကွက်၊ မင်္ဂလာသိမ်တော်ဦးကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
Jul 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြရွှေဝါခန်းမ၌ မြို့နယ်​ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အား တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 15,2025
ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိဉာဏ်ဗဟုသုတကြွယ်ဝစေရန်နှင့် ကျန်းမာရေး ကောင်းမွန်စေရန်ရည်ရွယ်၍ ဇူလိုင် ၁၄ ရက်က ကျောက်ပန်းတောင်းမြို့  မြို့မကွက်သစ်  (အ-မ-က) သို့ ကွင်းဆင်း၍ ဟောပြောပွဲနှင့်တိုင်းရင်းဆေး(အခမဲ့)ဆေးကုသပေးခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။