ဒဂုံမြို့သစ် ခရိုင်မီးသတ်ဦးစီးမှူးရုံး၌ ခရိုင်အဆင့် မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း ဖွင့်ပွဲကျင်းပ

ဒဂုံ(တောင်) ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊  ခရိုင်အဆင့် အဆင့်မြင့်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ် ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့ မွန်းလွဲ ၂ နာရီတွင်  ဒဂုံမြို့သစ်ခရိုင်  မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးကိုကိုကြီးက သင်တန်းအဖွင့်အမှာစကားနှင့် သင်တန်းအား မီးလောင်မှုနှင့်သဘာဝဘေးအန္တရာယ်များကျရောက်ခဲ့ပါက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ  ပရဟိတလူမှုရေးအသင်းအဖွဲ့များမှ စည်းလုံးညီညွတ်စွာ လူစွမ်းအား၊ ယာဉ်၊ စက်စွမ်းအား၊ နည်းပညာစွမ်းအားဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုနည်းနိုင်သမျှ  နည်းပါးစေရေးအတွက် လျှင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးကိုရည်ရွယ်၍ ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်းပြောကြားပြီး YRO ရှင်သန်ရေး လူမှုကူညီကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တက်ရောက်ကြပြီး ဒဂုံမြို့သစ်ခရိုင်အတွင်းမြို့နယ်များရှိ   ပရဟိတအသင်းအဖွဲ့များမှ သင်တန်းသား(၅၀) ဦးဖြင့် ဇူလိုင် ၁၄ ရက်မှ ၂၅ ရက်‌ နေ့ အထိ ရက်သတ္တနှစ်ပတ်ကြာ ခရိုင်အဆင့် မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း  အမှတ်စဉ် (၁/၂၀၂၅)ကို ဖွင့်လှစ် လေ့ကျင့်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။                       

နေမျိုးအောင်