အိမ်မဲ ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပါရမီဒေါင့်ကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅- ၂၀၂၆ ခုနှစ်မိုးစပါး နယူးဧရာ - 11 စပါမျိုး (၁၂)ဧကအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသရုပ်ပြပွဲကို ပါရမီဒေါင့်ကျေးရွာ တောင်သူ ဦးသိန်းလွင်၏ကွင်းအမှတ် (၃၄)၊ ဦးပိုင်အမှတ် ၃၁/၄၊ ၄၆/၁၊ စိုက်ဧက (၁၂)ဧကတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစိုးမြင့်အောင်နှင့်ဝန်ထမ်းများက ကောက်စိုက်စက်ဖြင့် နယူးဧရာ -11 စပါးမျိုးအား စိုက်ပျိုးလျက်ရှိရာ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးမြင့်အောင်က သီးထပ်စွမ်းအားမြှင့်တင်ရေးအတွက် ရာသီအလိုက် သုံးသီးစားစိုက်ပျိုးနိုင်ရေး၊ သီးထပ်သီးညှပ် စိုက်ပျိုးနိုင်ရေး၊ မျိုး၊ မြေ၊ ရေနှင့် စိုက်နည်းများကို မှန်ကန်စွာအသုံးချ၍ ကောက်ကွက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ချစ်သက်လယ်