အမြို့မြို့အနယ်နယ်သတင်းများ

Jul 15,2025
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် မိုးတွင်းကာလ ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့ပေါ်ရပ်ကွက်များအတွင်း အဆိုပါလုပ်ငန်းများ လုပ်ဆောင်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည်  ကွင်းဆင်းသွားရောက်၍  ကြည့်ရှုစစ်ဆေးကာ ရေတိုင်ကီ၊ ကျောက်စည်ပိုင်း၊  အုတ်ရေကန်များအတွင်းသို့ အဘိတ် (abate) ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 15,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဗိုလ်ရွေး အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေး  “လူငယ်စကားဝိုင်း” ကို ယမန်နေ့မွန်းလွဲပိုင်းတွင် အဆိုပါကျောင်းစုဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jul 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သစ်တောဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို လှည်းကူးမြို့နယ်၊ သခွတ်ပင်ကျေးရွာ ကုန်ထုတ်လမ်း၌ ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
Jul 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.ထ.က(၆) အ‌ခြေခံပညာအထက်တန်းကျောင်းရှိ အနန္တပညာခန်းမတွင် ကျင်းပခဲ့သည်။
Jul 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်ခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ဆုတောင်းပြည့် မယ်လမုစေတီ သာသနာ့ဗိမာန်သုံးထပ်ဆောင်၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြကြောင်း သိရသည်။
Jul 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြန်မာအီလက်ထ‌ရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။