ရွှေတောင်စု(စံပြ)ကျေးရွာ ရွှေလဝန်းစိုက်ပျိုးရေးနှင့်  လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေအရင်းမပျောက်မတည်ငွေဖြင့် (သတ္တမအကြိမ်) သွင်းအားစု‌ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

အင်္ဂပူ ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရ်ိုင်၊ အင်္ဂပူမြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု၊ ရွှေတောင်စု (စံပြ)ကျေးရွာခန်းမတွင် ဇူလိုင်လ(၁၃)ရက်နေ့ နေ့လယ်ပိုင်းက ရွှေလဝန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းသားများအား တိုင်းဒေသကြီးဘတ်ဂျက် လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ အရင်းမပျောက်မတည်ငွေဖြင့် (သတ္တမအကြိမ်) သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။

ဦးစွာတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အင်္ဂပူမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ‌ ဒေါ်မို့မို့ခိုင်က တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေအရင်းမပျောက်မတည်ငွေဖြင့် သွင်းအားစုထောက်ပံ့မှုအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ရွှေလဝန်းစိုက်ပျိုး‌‌ရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းသားများအား သွင်းအားစုများကို တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများကပေးအပ်ရာ အသင်းသားများက လက်ခံရယူခဲ့သည်။ ထို့နောက် အသင်းသားများမှ လိုအပ်သည်များကို ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဦးစီးမှူးမှ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက တောင်သူဦးမင်းခိုင်၏ လယ်ယာမြေတွင် မျိုးစေ့ချစက်ဖြင့် စဖိုးသာစပါးမျိုး စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများ၊ မြန်အောင်၊ အင်္ဂပူ၊ ကြံခင်းမြို့နယ်များမှ မြို့နယ်ဦးစီးအရာရှိများ၊ သမအသင်းဥက္ကဋ္ဌများ၊ အသင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)