မန္တလေးခရိုင် ပြည်သူ့စာကြည့်တိုက်တွင် အိမ်တွင်းမှု ဝင်ငွေတိုး လုပ်ငန်းအကြောင်း ဟောပြောပွဲ ကျင်းပ

ပြည်ကြီးတံခွန် ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အမျိုးသမီးရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အိမ်တွင်းမှု ဝင်ငွေတိုး လုပ်ငန်းအကြောင်း ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မူမူဆန်းက အိမ်တွင်းဝင်ငွေတိုးလုပ်ငန်း ဆိုင်ရာများကို ရှင်းလင်းဟောပြောဆွေးနွေးရာ တက်ရောက်လာသူများကလည်း အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 အဆိုပါ ဟောပြောပွဲကို မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်