အမြို့မြို့အနယ်နယ်သတင်းများ

Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အိမ်မဲ-ဝါးခယ်မကားလမ်းမကြီးမှ ကြာတန်းကျေးရွာသို့ ဆက်သွယ်သော လမ်းကျောက်ချောခင်းခြင်း(ဝ/၃)မိုင်လုပ်ငန်းနှင့် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျွဲလမ်း-ကမ်းနားထိန်ငူလမ်း ကွန်ကရစ်ခင်းခြင်း (၀/၂.၂) မိုင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား ဇူလိုင်လ(၂၂)ရက်နေ့ မွန်းလွဲပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ပဆင-ညောင်ပင်စျေး-ကြပ်ကြီး-သရက်တပင်-ညောင်ကုန်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ယမန်နေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်း၊ ဟင်္သာတခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်နိုင်ဝင်းနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာအုပ်စု၊ အ.ထ.က (ဒါးက) စာသင်ကျောင်းဝန်းအတွင်း၌ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာဦးစီးဌာနမှ တင်ဒါခေါ် ယူရာ ငွေကျပ်သန်း ၁၂၂၃.၁၅၁ ဖြင့် တင်ဒါအောင်မြင်ခဲ့သည့် SS Safari Sociaty ကုမ္ပဏီမှ ဆောက်လုပ်မည့် (၁၄၀×၃၀)ပေ RCC(၃)ထပ် ကျောင်းဆောင်သစ်ပန္နက်တင်မင်္ဂလာ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ဒါးကကျေးရွာရှိ အ.ထ.က-ဒါးကစာသင်ကျောင်းဝန်းအတွင်း အဆိုပါမြေနေရာတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ အခြေခံစားသောက်ကုန်ဖြစ်သည့် စားသုံးဆီအခက်အခဲမရှိရေး ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လေးဆယ်ကုန်းကျေးရွာ၌ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီ(၁၁၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်သုံးဆင့်တွင် သဘာဝရေပြင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ပြည်သူများတက်ရောက်ခဲ့ပြီး ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
Jul 24,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကယားပြည်နယ်အတွင်းရှိ ဝန်ထမ်းများ တစ်ဦးချင်းအရည်အသွေးများ တိုးတက်စေရေးနှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၂ ရက် နံနက် ၉ နာရီခွဲတွင် လွိုင်ကော်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
Jul 24,2025
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်း လီမိတက် ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက တိုင်းဒေသကြီးသမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့တွင် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် ရည်ရွယ်ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန် မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဖျာပုံမြို့နယ် အ.ထ.က (ကျုံတာ) ချယ်ရီ​​ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။