လွိုင်ကော် ဇူလိုင် ၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကယားပြည်နယ်အတွင်းရှိ ဝန်ထမ်းများ တစ်ဦးချင်းအရည်အသွေးများ တိုးတက်စေရေးနှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၂ ရက် နံနက် ၉ နာရီခွဲတွင် လွိုင်ကော်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကယားပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမျိုးအောင်က ဝန်ထမ်းများအနေဖြင့် မိမိဌာနလုပ်ငန်းများကို စနစ်တကျ စည်းကမ်းရှိရှိလုပ်ဆောင်နိုင်ရေး၊ လုပ်ငန်းများကို အမှန်တကယ် ကျွမ်းကျင်တတ်မြောက်စေရေးအတွက် လေ့ကျင့်သင်ကြားပေးရခြင်းနှင့် ဝန်ထမ်းများအားလုံး စဉ်ဆက်မပြတ်လေ့လာသင်ယူမှုများ ဆောင်ရွက်ရန် အမှာစကားပြေားကြားသည်။
ထို့နောက် ပြည်နယ်ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က သင်တန်းတွင် ပို့ချဆွေးနွေးမည့်ဘာသာရပ်များနှင့် သင်တန်းစည်းကမ်းများအား ရှင်းလင်းဆွေးနွေးပြီး သင်တန်းနည်းပြများဖြစ်သည့် ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် လွိုင်ကော်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးတို့က ပြည်ထောင်စုရာထူးဝန်အဖွဲ့ကထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါ အကြောင်းအရာများကို ဆွေးပို့ချသည်။
အဆိုပါသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကယားပြည်နယ်အတွင်းရှိ အရာထမ်း၊ အမှုထမ်း ဝန်ထမ်း(၁၈) ဦး တက်ရောက်ကြပြီး သင်တန်းကို ဇူလိုင် ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့၊ လက်တွေ့ ဆွေးနွေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)