ကန်ကြီးထောင့် ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာအုပ်စု၊ အ.ထ.က (ဒါးက) စာသင်ကျောင်းဝန်းအတွင်း၌ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာဦးစီးဌာနမှ တင်ဒါခေါ် ယူရာ ငွေကျပ်သန်း ၁၂၂၃.၁၅၁ ဖြင့် တင်ဒါအောင်မြင်ခဲ့သည့် SS Safari Sociaty ကုမ္ပဏီမှ ဆောက်လုပ်မည့် (၁၄၀×၃၀)ပေ RCC(၃)ထပ် ကျောင်းဆောင်သစ်ပန္နက်တင်မင်္ဂလာ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ဒါးကကျေးရွာရှိ အ.ထ.က-ဒါးကစာသင်ကျောင်းဝန်းအတွင်း အဆိုပါမြေနေရာတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးပညာရေးမှူး ဆရာကြီးဦးခင်မောင်ထွေးနှင့်ဇနီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်၊ အ.ထ.က (ဒါးက) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျောင်းဆောက်လုပ်မည့်ကုမ္ပဏီမှ ကိုယ်စားလှယ်များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော တာဝန်ရှိသူများက ကျောင်းဆောင်သစ်ဆောက်လုပ်မည့်မြေနေရာ၌ ပန္နက်တိုင်များအား အသီးသီးစိုက်ထူခဲ့ကြကာ အမွှေးနံ့သာရေများအား ပက်ဖျန်းပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး