ဇလွန် ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ပဆင-ညောင်ပင်စျေး-ကြပ်ကြီး-သရက်တပင်-ညောင်ကုန်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ယမန်နေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်း၊ ဟင်္သာတခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်နိုင်ဝင်းနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးနှင့် တာဝန်ရှိသူများ ကြည့်ရူ့စစ်ဆေးခဲ့သည့် ပဆင-ညောင်ပင်စျေး-ကြပ်ကြီး-သရက်တပင်-ညောင်ကုန်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (ငွေလုံး ငွေရင်း) ရန်ပုံငွေကျပ်သန်း (၂၀၆. ၄၇၀ )ဖြင့် ဆောင်ရွက်မည့်လမ်းဖြစ်ပြီး အဆိုပါလမ်းဆောင်ရွက်ပြီးစီးပါက ကျေးရွာ(၂၅)ရွာမှ လူဦးရေ(၆၄၁၀)ဦးတို့ အကျိုးပြုမည့်လမ်းဖြစ်ကြောင်း သိရသည်။
ဝေယံ-ဇလွန်