Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပုဂံဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံရှေးဟောင်းသုတေသနပြတိုက် အစည်းအဝေးခန်းမ၌ ပုဂံဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီ (မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်) ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် သဘာ၀ဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအားကြည့်ရှုစစ်ဆေး
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲပိုင်းကမြို့နယ်မီးသတ်စခန်းတွင် ဝီဖာမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်မှုများ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်နှင့် ရောဂါဖြစ်ပွားမှုမှ ကြိုတင်တားဆီးကာကွယ်နိုင်စေရန်ရည်ရွယ်၍ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို တောင်ဘက်ပိုင်းရပ်ကွက်တွင် ဇူလိုင် ၁၆ ရက်နေ့မှစ၍ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့ပေါ်ရပ်ကွက်များ၌ မိုးရာသီအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ (၂း၀၀) နာရီအချိန်က အမှတ်(၈)ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းဘေးဝဲ/ယာ၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ
Jul 24,2025
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြစို့" ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်အစီအစဉ်ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာစီစာကုံးရေးသားနည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာစီစာကုံးရေးသာနည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ငလျင်ဘေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ
Jul 24,2025
စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ငလျင်ဘေးဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသပွဲကိုယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဒီဇယ်)၌ ကျင်းပခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲသည့်သစ်ပင်အား မီးသတ်တပ်ဖွဲ့ဝင်များ ဖယ်ရှားရှင်းလင်း
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၃)ရပ်ကွက် ကန်ကောက်ရေကန်အနီးတွင် ဇူလိုင်(၂၃)ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုကြောင့် ဗာဒံပင်ပြိုလဲခဲ့ပြီး လမ်းမပေါ်ပိတ်ဆို့နေသဖြင့် ယနေ့နံနက် (၇) နာရီခန့်တွင် မီးသတ်တပ်ဖွဲ့ဝင်များ ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
711
Page
712
Page
713
Page
714
Current page
715
Page
716
Page
717
Page
718
Page
719
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department