လေးဆယ်ကုန်းကျေးရွာ၌ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီ(၁၁၀)ပိဿာ ရောင်းချပေး

ကျောက်ဆည် ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ အခြေခံစားသောက်ကုန်ဖြစ်သည့် စားသုံးဆီအခက်အခဲမရှိရေး ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လေးဆယ်ကုန်းကျေးရွာ၌ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီ(၁၁၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ပြည်သူများအဆင်ပြေစေရေး ဆီဝယ်ယူနိုင်သည့်စာအုပ်များပြုလုပ်ပြီး ဒေါ်တင်နွဲ့ ဗိုလ်တစ်ထောင်စားဆီလက်လီလက်ကားရောင်းဝယ်ရေးဆိုင်မှ တစ်ပိဿာလျှင် ငွေ (၇၁၁၅) ကျပ်နှုန်းဖြင့် ဆီဝယ်စာအုပ်တစ်အုပ်လျှင် ဆီ(၂)ပိဿာနှုန်းဖြင့် ဆီ(၁၁၀)ပိဿာ ရောင်းချပေးခဲ့ကြောင်းသိရှိရပြီး ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့်  စက်ရုံ/အလုပ်ရုံများ၊ ဌာနဆိုင်ရာ ဦးစီးဌာနများတွင်လည်း စားအုန်းဆီများ စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်၊ကျောက်ဆည်