အိမ်မဲ ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အိမ်မဲ-ဝါးခယ်မကားလမ်းမကြီးမှ ကြာတန်းကျေးရွာသို့ ဆက်သွယ်သော လမ်းကျောက်ချောခင်းခြင်း(ဝ/၃)မိုင်လုပ်ငန်းနှင့် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျွဲလမ်း-ကမ်းနားထိန်ငူလမ်း ကွန်ကရစ်ခင်းခြင်း (၀/၂.၂) မိုင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား ဇူလိုင်လ(၂၂)ရက်နေ့ မွန်းလွဲပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာ (၅၆) ရွာ၊ အိမ်ခြေ (၅၂၂၃) အိမ်နှင့် လူဦးရေ (၆၀၈၅)ဦးတို့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမည်ဖြစ်ပြီး ကျေးရွာနေပြည်သူတို့၏ကျန်းမာရေး၊ လူမှုရေး၊စီးပွားရေး၊ ကုန်စည်ပို့ဆောင်ရေးတို့ အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်