ကွမ်းခြံကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

ကွမ်းခြံကုန်း ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်နှင့် ရောဂါဖြစ်ပွားမှုမှ ကြိုတင်တားဆီးကာကွယ်နိုင်စေရန်ရည်ရွယ်၍ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို‌ တောင်ဘက်ပိုင်းရပ်ကွက်တွင် ဇူလိုင် ၁၆ ရက်နေ့မှစ၍ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများအား‌ အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ပြီး ရေတိုင်ကီနှင့်ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအတွင်း အဘိတ်(abate)ဆေးခတ်ခြင်း စသည့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်‌/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ ကြက်‌ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များတို့က ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ် ရပ်ကွက်၊ ကျေးရွာများတွင်လည်း အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်‌လျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ဆွေနွယ် (ပြန်/ဆက်)