ပုဂံဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ညောင်ဦး ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံရှေးဟောင်းသုတေသနပြတိုက် အစည်းအဝေးခန်းမ၌ ပုဂံဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီ (မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်) ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပုဂံဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကား ပြောကြားပြီး၊ ပုဂံဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီ အတွင်းရေးမှူး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြုတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးညီမွန်းက ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်လုပ် ကိုင်လျက်ရှိသည့် လုပ်ငန်းများအား ဆွေးနွေးတင်ပြသည်။ ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အိရွှေစင်မြင့်မှ ပုဂံဒေသကမ္ဘာ့အမွေအနှစ် စာရင်းဝင်ပြီးနောက် UNESCO နှင့် ကမ္ဘာ့အမွေအနှစ် ကော်မတီထံသို့ တင်ပြခဲ့ရသည့် ထိန်းသိမ်းစောင့်ရှောက်မှုအစီရင်ခံစာ (SOC Report )များ၊ Third Party တိုင်ကြားမှုကြောင့် တုံ့ပြန်ဖြေရှင်းခဲ့ရသည့် အစီရင်ခံစာများ၊ မြန်မာနိုင်ငံမှ ကတိကဝတ်ပြုထားသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ပြီးနောက် တက်ရောက်လာသည့် သက်ဆိုင်ရာအသီးသီးမှ အကြံပြုဆွေးနွေးတင်ပြခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း(ပြန်/ဆက်)