အမြို့မြို့အနယ်နယ်သတင်းများ

Jul 26,2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နင်နင်းမြို့တွင် ကျင်းပပြုလုပ်မည့် (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (22nd CACXPO) တွင် ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားမြို့အား နှစ်လိုဖွယ်မြို့ (City of Charm) အဖြစ် ဂုဏ်ယူစွာပါဝင်ပြသနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 26,2025
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေးအချက်အလက်မှတ်တမ်းများကို e-ID စနစ်ဖြင့် လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပုလောမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ပုလောမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးခဲ့သည်။
Jul 26,2025
ချမ်းအေးသာစံမြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း၊ သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Center)အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jul 26,2025
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)မှ ကြီးမှူးကျင်းပသော Professional Sale Training For Real Estate (အရောင်းမြှင့်တင်ရေး)သင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ တော်ဝင်ရတနာဟိုတယ်၌ ကျင်းပခဲ့သည်။
Jul 26,2025
ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့်သင်ခန်းစာများကို လက်တွေ့အသုံးချအကောင်အထည်ဖော်ဆောင်ရွက်ထားသည့် UCSTT Project Show 2025 ပြပွဲအခမ်းအနားကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 26,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာ​ရေးဆရာအသင်းတို့ပူးပေါင်းကာ စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ် တထောင်ဘုရားလမ်းရှိ မြို့နယ်ပညာရေးမှူးရုံး တေဇခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ် သည့် အခြေခံအေရိုးဗစ်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။
Jul 26,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမျိုးအောင်သည် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ဇောတိကာရုံစာသင်တိုက်၌ ကျောင်းပြင်ပမူလတန်းပညာရေးသင်ယူနေမှုအား ယမန်နေ့ မွန်းလွဲပိုင်းက ကြည့်ရှုအားပေးခဲ့သည်။