စစ်ကိုင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ငလျင်ဘေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ

စစ်ကိုင်း ဇူလိုင် ၂၄

စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ငလျင်ဘေးဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသပွဲကိုယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဒီဇယ်)၌ ကျင်းပခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မြင့်ဟန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးလောင်မှုဖြစ်ပွားပါက လုပ်ဆောင်ရမည့်အချက်များ၊ ငလျင်ဘေးဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် နည်းလမ်းများကို ကျောင်းသူ၊ ကျောင်းသားများ သိရှိနားလည်သဘောပေါက်စေရန် Power Point ပြသ၍ အသိပညာပေး ဟောပြောခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးကြည်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများက မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းနှင့် အခြားမီးငြှိမ်းသတ်နည်းအမျိုးမျိုးအား လက်တွေ့သရုပ်ပြသခဲ့ပြီး ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ(၁၇၃)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

နေလင်းအောင်