Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် အထွက်နှုန်း တိုးတက်ရရှိရေး အထူးဇုန်အလိုက်သတ်မှတ်ပြီး သီးနှံမျိုးစေ့များ အခမဲ့ ဖြန့်ဖြူးပေးထား…
May 29,2024
မကွေးတိုင်းဒေသကြီး၏ ဆီအိုးကြီးသဖွယ် အဓိက အားကိုးအားထားရသော မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မာစေရန်နှင့် အထွက်နှုန်းတိုးတက်ရရှိနိုင်စေရန်အတွက် ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးရာသီမှစတင်ပြီး ရာသီအလိုက် သီးနှံစိုက်ပျိုးချိန် မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များအလိုက် အထူးဇုန်များသတ်မှတ်ပြီး သီးနှံမျိုးစေ့များကို အခမဲ့ ဖြန့်ဖြူးပေးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ဆီထွက်သီးနှံ မကွေးအထူးဇုန်-၂ တာဝန်ခံထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း တက်ရောက်လိုသူများ လျှောက်ထားနိုင်
May 29,2024
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းကို တံတားဦးမြို့ အခြေခံပညာထက်တန်းကျောင်းဝန်းအတွင်း၌ အသစ်ဖွင့်လှစ်သင်ကြားမည်ဖြစ်၍ တက်ရောက်လိုသည့် ကျောင်းသား/သူများအား လျှောက်ထားနိုင်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီ၌ လူထုဖြန့် သစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း (၃၀၄၄၉) ပျိုးထောင်ထားရှိ
May 29,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးနှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန် ၂၀၂၄ ခုနှစ် မိုးရာသီလူထုဖြန့်သစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း (၃၀၄၄၉) ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်အတွင်း စားသုံးဆီများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ရှောင်တစ်ခင် စစ်ဆေး
May 29,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့နယ်အတွင်း မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးကော်မတီမှ စားသုံးဆီအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် စားသုံးဆီများ၏အရည်အသွေးများ၊ ရောနှောဆီများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၀)နှစ်အောက် ဂျူဒိုပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းအား အော…
May 29,2024
၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၀)နှစ်အောက် ဂျူဒိုပြိုင်ပွဲကို ကချင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စခန်းသွင်းလေ့ကျင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ပြည်သူ့အားကစားကွင်းအတွင်းရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လက်ရွေးစင်ဂျူဒိုအသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျိန္တလီမြို့တွင် မိုးရာသီအကြို စုပေါင်းဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
May 29,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထောက်အကူပြု မိုးရာသီအကြို စုပေါင်းဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီအချိန်က ကျိန္တလီမြို့၊ သိပ္ပံလမ်း၊ ခွေးဇူးတိုက်ချောင်းအနီးရှိ ဒီရေတော၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ခြင်းနှင့်…
May 29,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးကျရောက်လာပါက အလျင်အမြန် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော် ဦးစီးဆောင်၍ တပ်ဖွဲ့ဝင်များဖြင့် ကာကွယ်ရေးသုံးပစ္စည်းများ စုဖွဲ့ခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့ နံနက် (၈)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
May 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် (Unique ID) ထုတ်ပေးရန်နှင့် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန် ရည်ရွယ်၍ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်(၂၆)ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ နံနက် (၉)နာရီက အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်နှင့် ဖော့ကန်ရပ်ကွက်တို့ရှိ သတ်မှတ်နေရာများတွင် ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6033
Page
6034
Page
6035
Page
6036
Current page
6037
Page
6038
Page
6039
Page
6040
Page
6041
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department