မင်းလှမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီ၌ လူထုဖြန့် သစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း (၃၀၄၄၉) ပျိုးထောင်ထားရှိ

အထက်မင်းလှ မေ ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးနှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်‌ရန် ၂၀၂၄ ခုနှစ် မိုးရာသီလူထုဖြန့်သစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း (၃၀၄၄၉) ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

မင်းလှမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်မိုးရာသီတွင် စိုက်ပျိုးရန် “ကျွန်း (၁၀၀၀၀) မြန်မာကုက္ကို (၄၃၀၀)၊ မယ်ဇလီ (၄၅၀၀)၊ ဗန်ဒါ (၃၀၀)၊ ယူကလစ် (၄၇၀၀)၊ တပေဘူတ (၁၅၀၀)၊ တမာ (၄၀၀၀)၊ ဖျောက်ဆိပ် (၄၄၉)၊ ပိတောက် (၇၀၀) စုစုပေါင်းပျိုးပင် (၃၀၄၄၉) ပျိုးထောင်ထားလျက်ရှိသည်။

အဆိုပါ ပျိုးပင်များကို ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊‌ ကျေးရွာများမှ ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)