မြစ်သားမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ  တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

မြစ်သား မေ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးကျရောက်လာပါက အလျင်အမြန် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော် ဦးစီးဆောင်၍ တပ်ဖွဲ့ဝင်များဖြင့် ကာကွယ်ရေးသုံးပစ္စည်းများ စုဖွဲ့ခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့ နံနက် (၈)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးအင်အားနှင့် ကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိကြောင်း၊ ပြိုကျအဆောက်အအုံများအတွင်း ပိတ်မိလူနာများကို ကယ်ဆယ်ရွှေ့ထုတ်ရန်နှင့် ပိတ်မိလူနာများ ဝင်ရောက်ကယ်ဆယ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ သစ်ပင်များ ပြိုလဲသည့်အခါ သစ်ပင်များကို ဖြတ်တောက်ရှင်းလင်းရာတွင် အသုံးပြုသည့် Chain Saw များ စသည်တို့ကို အသင့်စုဖွဲ့ ဆောင်ရွက်ထားရှိခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသင့်စုဖွဲ့ခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး    နှင့် မီးသတ်စခန်း တာဝန်ခံအရာရှိများ၊ တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)