အမြို့မြို့အနယ်နယ်သတင်းများ

May 29,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် သစ်တောဦးစီးဌာန၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီအတွက် ဒေသခံပြည်သူများ၊ မိမိတို့ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးပင်များ စိုက်ပျိုးလိုသည့် နေရာများတွင် စိုက်ပျိုးနိုင်ရန်အတွက် သရက်မြို့ သစ်တောဦးစီးဌာန မြို့မပျိုးဥယျာဉ်တွင် ပျိုးထောင်၍ ပျိုးပင်များအား ရေလောင်းပေါင်းမြက်ရှင်းလင်းခြင်းကို နေ့စဉ် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 29,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းရှိ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော လိုင်ချီးသီးများကို ရန်ကုန်မြို့နှင့်အခြားများသို့ တင်ပို့ရောင်းချလျက်ရှိနေပြီး ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ လားရှိုးမြို့နယ်အတွင်းတွင် လိုင်ချီးသီးများကို နောင်မွန်၊ အီနိုင်း၊ နမ့်ပေါင်၊ စဉ့်အင်ကျေးရွာများဘက်တွင် အများအပြားစိုက်ပျိုးကြပြီး နယ်မြေဒေသစုံသို့ တင်ပို့ရောင်းချနေရကြောင်း သိရသည်။
May 29,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၂၀၂၄ - ၂၀၂၅) ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ မိုးစပါးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မေ (၂၀) ရက်နေ့မှစတင်ကာ ထုတ်ချေးပေးလျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
May 29,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ဒေသအတွင်း စားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ဘုန်းတော်ပြည့်ကျေးရွာတွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နွေနှမ်းများ ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
May 29,2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အ‌ခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။
May 29,2024
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ တောင်သူများကို ပညာပေးစည်းရုံး ဆောင်ရွက်နေသော ဝန်ထမ်းများအနေဖြင့်လည်း နည်းပညာအမျိုးမျိုးကို စာတွေ့လက်တွေ့ ကျွမ်းကျင်စွာ လေ့လာသင်ယူကြပြီး ဝမ်းစာပြည့်ဝနေရန်၊ ချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေများကိုလည်း လေ့လာမှတ်သား၍ လက်တွေ့အသုံးပြုလိုက်နာကြရန်နှင့် ဝန်ဆောင်မှုပေးရာမှာလည်း မှန်ကန်မှုရှိစေရေးအတွက် နည်းပညာပိုင်းဆိုင်ရာများကို စဉ်ဆက်မပြတ် ဆည်းပူး လေ့လာနေကြရန်တို့အတွက် ရည်ရွယ်ပြီး ပိုးသတ်ဆေးဥပဒေ၊ ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်သုံးစွဲနည်းနှင့် သဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲနည်း နည်းပညာပေးသင်တန်းနှင့် ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မြေ၊ မျိုးပိုး‌ရုံးရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 29,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီက သံတွဲမြို့ ဒွါရာဝတီခန်းမ၌ ကျင်းပပြုလုပ်သည်။