တံတားဦးမြို့နယ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း တက်ရောက်လိုသူများ လျှောက်ထားနိုင်

တံတားဦး မေ ၂၉

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းကို တံတားဦးမြို့ အခြေခံပညာထက်တန်းကျောင်းဝန်းအတွင်း၌ အသစ်ဖွင့်လှစ်သင်ကြားမည်ဖြစ်၍ တက်ရောက်လိုသည့် ကျောင်းသား/သူများအား လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါကျောင်းသို့ လျှောက်ထားရာတွင် လျှောက်လွှာနှင့်အတူ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံချက်၊ သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၏ (၂၀၂၂-၂၀၂၃)၊ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် အခြေခံပညာသင်နှစ်တွင် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) အောင်မြင်ကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၏ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် (Grade-10) အောင်မြင်ကြောင်း (သို့မဟုတ်) ကျရှုံးကြောင်း (သို့မဟုတ်) ရပ်နားထားကြောင်း ထောက်ခံချက်၊ လျှောက်ထားသူ၏ အမည်ပါရှိသော အိမ်ထောင်စုစာရင်းမိတ္တူနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ရန်(မူရင်း) သက်ဆိုင်ရာနယ်မြေရဲစခန်း၏ ပစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်းနှင့် ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံ (၃)ပုံတို့နှင့်အတူ လာရောက်လျှောက်ထားနိုင်ပြီး လျှောက်ထားသူဦးရေ ကျော်လွန်ပါက (Grade-9)တွင် အောင်မြင်ခဲ့သည့် စုစုပေါင်းရမှတ် အနည်းအများပေါ်မူတည်ပြီး စိစစ်ရွေးချယ်ရေးကော်မတီဖြင့် ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုအခါ တံတားဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ်၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ စက်မှုအထက်တန်းကျောင်းတက်ရောက်ရန် လာရောက်လျှာက်ထားသူ(၃၀)ဦး၊ စိုက်ပျိုးရေးအထက်တန်းကျောင်းတက်ရောက်ရန် လာရောက်လျှာက်ထားသူ(၄)ဦး၊ မွေးမြူရေးအထက်တန်းကျောင်းတက်ရောက်ရန် လာရောက်လျှာက်ထားသူ(၁)ဦး၊ စုစုပေါင်း(၃၅)ဦး လာရောက်လျှောက်ထားကြောင်း သိရသည်။    

ရဲတင့်(ပြန်/ဆက်)