မြို့သစ် မေ ၂၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့နယ်အတွင်း မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးကော်မတီမှ စားသုံးဆီအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် စားသုံးဆီများ၏အရည်အသွေးများ၊ ရောနှောဆီများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အစားအသောက်နှင့်ဆေးဝါးများကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က စားသုံးဆီအရောင်းဆိုင်များရှိ ဟင်းသီးဟင်းရွက်ဆီ(Blended Oil)အဖြစ် ရောစပ်ရာတွင် ဟင်းသီးဟင်းရွက်ဆီ တစ်မျိုးသည် အနည်းဆုံး (၄၀)ရာခိုင်နှုန်ူးသာဖြစ်ရန်၊ မည်သည့်အနံ့ကိုမျှ ထည့်သွင်းခြင်းမပြုရန်၊ တိရစ္ဆာန်အဆီနှင့် ဝါစေ့အဆီများ ရောနှောအသုံးမပြုကြရန်၊ ရာခိုင်နှုန်းများသည့် ဆီအမျိုးအစားကို ဦးစားပေးဖော်ပြရန်၊ ကုန်အညွှန်းအမှတ်အသားများကို စနစ်တကျထားရှိရန်နှင့် စားသုံးဆီများ၏ အရည်အသွေးများ၊ မှတ်ပုံတင်အမှတ်အသားအတုများအား ရှောင်တစ်ခင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)
