ကလေးဝမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြုလုပ်

ကလေးဝ မေ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အ‌ခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကိုပြုလုပ်ရာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကား‌ပြောကြား၍ မြို့နယ်ပညာရေးမှူး ဦးကျင်လျန်နန်က ကျောင်းအပ်နှံရေးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်မှအခမဲ့ပေးအပ်သော ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေးအပ်ခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ အလှူရှင်များက ကျောင်းနေရန်အခက်အခဲရှိသော ကလေးများအတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ကြ သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ကျောင်းကော်မတီအဖွဲ့ဝင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                         

မြို့နယ် (ပြန်/ဆက်)