မုဒုံ မေ ၂၉
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၂၀၂၄ - ၂၀၂၅) ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ မိုးစပါးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မေ (၂၀) ရက်နေ့မှစတင်ကာ ထုတ်ချေးပေးလျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
စိုက်ပျိုးစရိတ်ချေးငွေထုတ်ယူမည့် တောင်သူများအနေဖြင့် လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ (၇)၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်လိုအပ်ကြောင်း၊ ယခင်နှစ်များက ချေးငွေများ အကျေပြန်လည်ဆပ်ပြီးသည့် တောင်သူများအား တစ်ဦးလျှင် လယ်တစ်ဧက (၁၅၀၀၀၀) နှုန်း လယ် (၁၀) ဧကအထိ အတိုးနှုန်း (၅) ရာခိုင်နှုန်းဖြင့် စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မုဒုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးယဥ်ဋ္ဌေးကပြောသည်။
မုဒုံမြို့နယ်တွင် မိုးစပါးချေးငွေများကို ရပ်ကွက်/ကျေးရွာ (၄၂)ရှိ တောင်သူ (၃၀၃၈) ဦး၏ လယ်ဧက (၂၃၃၃၄) ဧကအတွက် ချေးငွေစုစုပေါင်း (၃၅၀၀၁) ကျပ်သိန်းကို ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)
 
    