သရက် မေ ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် သစ်တောဦးစီးဌာန၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီအတွက် ဒေသခံပြည်သူများ၊ မိမိတို့ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးပင်များ စိုက်ပျိုးလိုသည့် နေရာများတွင် စိုက်ပျိုးနိုင်ရန်အတွက် သရက်မြို့ သစ်တောဦးစီးဌာန မြို့မပျိုးဥယျာဉ်တွင် ပျိုးထောင်၍ ပျိုးပင်များအား ရေလောင်းပေါင်းမြက်ရှင်းလင်းခြင်းကို နေ့စဉ် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သရက်မြို့နယ် သစ်တောဦးစီးဌာနမှ နှစ်စဉ် ပျိုးပင်မျာကို ပျိုးထောင်ထားရှိပြီး မြို့နယ်အတွင်း စိမ်းလန်းစိုပြေရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ တောများ စိမ်းလန်းစိုပြေစေရန်နှင့် သဘာဝရာသီဉတုကောင်မွန်း၍ မျှတစေရေး၊ ဒေသခံပြည်သူများ ကျေးလက်နေပြည်သူများအနေဖြင့် မိမိတို့စိုက်လိုသည့် ပျိုးပင်များကို စိုက်ပျိုးနိုင်စေရန်အတွက် ယူကလစ်၊ တမာ၊ ရေတမာ၊ ပိတောက်နှင့် မြန်မာကုက္ကို၊ မန်ဂျန်ရှား၊ ဝါးတို့ကို ပျိုးထောင်ထားရှိကာ ဒေသခံပြည်သူများကို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်သစ်တောဦးစီးဌာနတွင် မိုးရာသီစိုက်ပျိုးရန် ပိတောက် (၅၅၀၀)၊ ယူကလစ် (၆၀၀၀၀)၊ တမာ (၂၀၀၀၀)ပင်၊ ရေမာ (၁၅၀၀၀)ပင်၊ မြန်မာကုက္ကို(၂၀၀၀၀)ပင်၊ မန်ဂျန်ရှား(၄၅၀၀)ပင်၊ ရှား(၆၅၀၀) ပင်၊ ဝါး (၁၂၀၀)ပင် ရှိကာ အမိုး၊ အကာဖြင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ပေါင်းသင်ခြင်း၊ မြက်ရှင်းခြင်းများပြုလုပ်၍ ပျိုးပင်များကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်ထက်(သရက်)
