အမြို့မြို့အနယ်နယ်သတင်းများ

May 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club ၊ Youth Club များဖြင့် စာရေးဆရာဒေါက်တာကျော်စိန်ရေးသားသည့် “လူငယ်လမ်းညွှန်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မေလ ၂၈ ရက်နေ့ ညနေ ၃ နာရီက ကျင်းပသည်။
May 30,2024
ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင်ဟင်္သာတမြို့တွင် ယနေ့ နံနက် ၉ နာရီက ၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environ ment Day-WED 2024)" အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
May 30,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ဆောင်ရွက်ခြင်း လုပ်ငန်းများအဖြစ် ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက်၌ ဖုံး ၊ သွန် ၊ လဲ ၊ စစ် ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်သည်။
May 30,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရေးအတွက် နည်းပညာပေးဆွေးနွေးပွဲကို ရှမ်းစုကျေးရွာ၊ ကံသာရွှေဘုံကျောင်းတိုက်၊ ရှမ်းစုကျောင်းလေးတွင် ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ကျင်းပသည်။
May 30,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ကြားနိုင်ရေး မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အခြေခံပညာအထက်တန်းကျောင်း(စေတုတ္တရာ)တွင် ကျင်းပခဲ့သည်။
May 30,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
May 30,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် (၉)နာရီအချိန် လဟယ်မြို့တွင် (၂၈-၅-၂၀၂၄) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေကြီးမှုကြောင့် လဟယ်မြို့(တိုးချဲ့-၂)ရပ်ကွက်ရှိ ကျလွေချောင်းကမ်းပါးဘေးနားအိမ်ခြေ (၉)လုံး ရေတိုက်စား ပြိုကျပျက်စီးနေမှု၊ လဟယ်-ဆင်သေလမ်းကြောင်း တောင်ကျချောင်းရေကြောင့် လမ်းများပျက်စီးနေမှု၊ ‌ကျလွေချောင်းရေအားလျှပ်စစ် နွံစစ်ကန်နှင့် ရေးအားလျှပ်စစ်စက်ရုံတောင်ပြို၍ ရွှံ့နွံများဖြင့် ပိတ်ဆို့နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
May 30,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် စငေါကျေးရွာအုပ်စု၊ ပန်လျန်းကျေးရွာနှင့် နမ့်ဟူးကျေးရွာရှိ နေအိမ်များ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား ယမန်နေ့နံနက် ၈ နာရီခွဲအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြသည်။