ဟင်္သာတမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environ ment Day-WED 2024)" အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဟင်္သာတ မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့တွင် ယနေ့နံနက် ၉ နာရီက ၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင်ကျရောက်မည့် "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environ ment Day-WED 2024)" အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါလုပ်ငန်းများကို ဟင်္သာတမြို့ရှိ ဟင်္သာတရုပ်အဝိုင်းလမ်းဆုံနှင့် လူစည်ကားရာနေရာများတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်စွာဝင်းနှင့် ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများပူးပေါင်း၍  ၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environ ment Day-WED 2024)" အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ်အနေဖြင့် "သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး ခေါင်းစဥ်ပါ အသိပညာပေးလက်ကမ်းစာစောင်များအား ဒေသခံပြည်သူများထံ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)