ဒိုက်ဦး မေ ၃၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) ထုတ်လုပ်မှုနည်းပညာသင်တန်းကို (၂၈-၅-၂၀၂၄) ရက်နေ့မှ (၁-၆-၂၀၂၄) ရက်နေ့အထိ (၅) ရက်ကြာ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ပေါင်မုန့်အမျိုးမျိုး၊ ကိတ်မုန့်အမျိုးမျိုး၊ ဟမ်ဘာဂါ၊ ကြက်သားမုန့်၊ ပဲလမုန့်နှင့် ပူတင်းပြုလုပ်နည်းကို စာတွေ့၊ လက်တွေ့ဖြင့် ငါးရက်ကြာ အခမဲ့ သင်ကြားပေးမည်ဖြစ်ကာ သင်တန်းသား ၁၅ ဦး တက်ရောက်သင်ကြားလျက်ရှိရာသို့ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်နှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက မုန့်လုပ်နည်းအမျိုးမျိုးအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)