စလင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

စလင်း  မေ  ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်ကာ ရမှတ်ကျေးရွာ၊ လက်မဲကျေးရွာ၊ ဇယ်တွင်းကျေးရွာအုပ်စု (၃)အုပ်စုတို့အား ထုတ်ချေးပေးလျက်ရှိကြောင်း  သိရသည်။

စလင်းမြို့နယ်အတွင်းရှိ တောင်သူများ လယ်ယာလုပ်ငန်းခွင်သို့  ဝင်ရောက်၍ လုပ်ကိုင်နိုင်စေရန်နှင့် တောင်သူဦးကြီးများ စိုက်ပျိုးရေးလုပ်ငန်းများကို  အချိန်နှင့်တစ်ပြေးညီ  ဆောင်ရွက်နိုင်ရန် ယခင် စိုက်ပျိုးစရိတ်ချေးငွေကျန်မရှိသူများကို အတိုးနှုန်း (၅)ရာခိုင်နှုန်းဖြင့်  ဦးစားပေးထုတ်ပေးခြင်းဖြစ်ပြီး မိုးစပါးတစ်ဧကလျှင် ချေးငွေကျပ် (၁၅၀၀၀၀)နှုန်းဖြင့်  ထုတ်ပေးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီ၌  မေလဒုတိယအပတ်မှစတင်ကာ စလင်းမြို့နယ်မြောက် ရှားတောကျေးရွာအုပ်စုမှ တောင်သူ (၁၉)ဦး၊ သရက်ကုန်းကျေးရွာအုပ်စုမှ တောင်သူ (၁၂)ဦး၊ ရုန်းပင်ကန်ကျေးရွာအုပ်စုမှ တောင်သူ (၂၀၂)ဦးတို့အား မိုးစပါးစိုက်ဧက (၇၉၇)ဧကအတွက် တစ်ဧကလျှင် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် ချေးငွေကျပ်သိန်း (၁၁၆၉၅၀၀၀၀)ကျပ်ကို တောင်သူများအား လယ်ယာလုပ်ငန်းခွင်သုံး စိုက်ပျိုးရေးသွင်းအားစုများ ဝယ်ယူအသုံးပြုဆောင်ရွက်နိုင်ကြစေရန် ထုတ်ချေးပေးနိုင်ခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ရမှတ်ကျးရွာ၊ ဇယ်တွင်းကျေးရွာ၊ လက်မဲကျေးရွာမှ တောင်သူများအား ဆက်လက်ထုတ်ချေးပေးလျက်ကြောင်း  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

မောင်လွင်