ညောင်လေးပင်မြို့နယ်တွင် သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီလူထုဖြန့်သစ်ပင် ပျိုးပင်ပေါင်း (၅၄၀၀၀) ပျိုးထောင်ထားရှိ

ညောင်လေးပင် မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မိုးရာသီ လူထုဖြန့် သစ်ပင်စိုက်ပျိုးရန် ကျွန်း၊ ခရေ၊ ဒညင်းပင်၊ ပိန္နဲပင်၊ မန်ဂျန်ရှား၊ မယ်ဇလီ၊ ယူကလစ်၊ သရက်၊ မဟော်ဂနီ၊ မန်ကျည်း စသည့်ပျိုးပင်ပေါင်း (၅၄၀၀၀) ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးကျော်သက်ပိုင်ဦးထံမှ သိရသည်။ 

ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာန ပျိုးဥယျာဥ်များတွင် ကျွန်း (၃၀၀၀)၊ ခရေ(၂၀၀၀)၊ ဒညင်း (၁၀၀၀)၊ ပိန္နဲ (၁၀၀၀)၊  မန်ဂျန်ရှား(၁၈၀၀၀)၊ မယ်ဇလီ (၂၀၀၀)၊ ယူကလစ်(၂၀၀၀)၊ သရက် (၁၀၀၀)၊ စုစုပေါင်း (၃၀၀၀၀)၊ ပြည်ထောင်စုအထူးပျိုးပင် ခရေ (၆၀၀၀)၊ မဟော်ဂနီ (၁၄၀၀၀)၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုးပင် မန်ကျည်း (၄၀၀၀)ပင် စုစုပေါင်း (၅၄၀၀၀) ပင်ပျိုးထောင်ထားရှိပြီး မိုးရာသီအကြိုနှင့် မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပခြင်း၊ ဒေသခံပြည်သူများ၊ ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များကို အခမဲ့ဖြန်ဝေစိုက်ပျိုးခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)