ရမည်းသင်းမြို့နယ်၌ ​သွေးလွန်တုပ်​ကွေး​​ရောဂါကာကွယ်​ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊သွန်၊လဲ၊စစ်လုပ်ငန်းများ ​ဆောင်ရွက်

ရမည်းသင်း မေ ၃၀

မန္တ​လေးတိုင်း​ဒေသကြီး ရမည်းသင်းမြို့နယ် မြို့​ပေါ်ရပ်ကွက်​နှင့် ကျေးရွာများအတွင်းရှိ ပြည်သူများ၊​ ကျောင်းသား၊ ​ကျောင်းသူများ မိုးဦးကာလ ​သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှကာကွယ်နိုင်​ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦး​ဆောင်၍ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊သွန်၊လဲ၊စစ်လုပ်ငန်းများနှင့်အသိပညာ​ပေးလုပ်ငန်းများ ​ဆောင်ရွက်လျက်ရှိရာ ​မေလတတိယပတ်မှစ၍ မြို့နယ်အတွင်းရှိ စာသင်​ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်ကျေးရွာအတွင်း ​ကွင်းဆင်းဆောင်ရွက်​ပေး​နေ​ကြောင်း သိရပါသည်။

အဆိုပါ ကွင်းဆင်း​ဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ လူမှု​ရေးအဖွဲ့အစည်းများ၊ ရပ်/​ကျေးအုပ်ချူပ်​ရေးမှူးများ၊ ပညာရေးဝန်ထမ်းများနှင့် ပြည်သူများ ပူး​ပေါင်းကာ ​ကျောင်းမဖွင့်မှီကာလ စာသင်​ကျောင်းများ၊ ဘုန်း​တော်ကြီး​ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊​ စျေးနှင့်လူ​နေအိမ်များရှိ ​ရေ​လှောင်ကန်များ၊​ ရေစည်၊​ ရေအိုးများနှင့် ခြင်​ပေါက်ဖွားနိုင်သည့်​နေရာများကို  ပိုး​လောက်လန်း ရှိ/မရှိ စစ်​ဆေးခြင်း၊ ဖုံးသွန်လဲစစ်လုပ်ငန်း​ဆောင်ရွက်ခြင်း၊ အသိပညာ​ပေးလက်ကမ်းစာ​စောင်များဖြန့်​ဝေခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ပြုလုပ်​ပေးလျက်ရှိကြောင်း သိရသည်။

ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်​ရေးလုပ်ငန်းများအား မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ အပတ်စဥ်​ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)