အမြို့မြို့အနယ်နယ်သတင်းများ

May 30,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ​ဂွေးတောက်မြောင်ကျေးရွာအုပ်စု၊ ကဒီပင်ကျေးရွာ၊ တရုတ်မှော်သစ်တောကြိုးဝိုင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၄ ခုနှစ်၊ ကျေးရွာသုံးထင်းစိုက်ခင်း  တစ်ရွာ(၂)ဧကသစ်ပင်စိုက်ပွဲတော်အခမ်းအနား ကျင်းပခဲ့သည်။
May 30,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဝေါမြို့အခြေခံပညာအထက်တန်းကျောင်း သီရိဇေယျာခန်းမ၌ ကျင်းပသည်။
May 30,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် ခရိုင်အဆင့် ကျောင်းအပ်နှံနိုင်ရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦး (အခြေခံပညာအထက်တန်းကျောင်း) ရှိ ပန်းမျိုးတစ်ရာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 30,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ဌာနခွဲများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် ကျန်းမာရေးဝန်ထမ်းများမှ မကူးစက်တတ်သောရောဂါများအား အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း (အခမဲ့)စစ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
May 30,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မျိုးသန့်ခြံ၌ ကျေးလက်ဒေသနေတောင်သူ လယ်သမားများအတွက် ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီပြီး သီးနှံအထွက်နှုန်း ကောင်းမွန်သော မျိုးသန့်မျိုးပွားမျိုးများကို ဖြန့်ဖြူးပေးနိုင်ရန် ဇွန်လဒုတိယပတ်တွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
May 30,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ထားဝယ်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်၉နာရီက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
May 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အ‌လုံမြို့နယ်အတွင်းရှိ Indonesian International School နှင့် Thalun  International School International School တို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက  ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
May 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၁၂)ရပ်ကွက် ဓမ္မရိပ်သာ ဘုန်းကြီးကျောင်း၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းအောင် ဦးဆောင်သည့်အဖွဲ့က အမှတ်(၁၂) ရပ်ကွက်အတွင်း နေထိုင်ကြသော မြန်မာတိုင်းရင်းသား လူမျိုးနွယ်စုများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြေပြင်ကွင်း ဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။