အမြို့မြို့အနယ်နယ်သတင်းများ

May 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မီးဘေးလုံခြုံရေး စစ်ဆေးထောက်ခံချက် သက်တမ်းတိုးခြင်းအား လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ကျောက်တန်းမြို့နယ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အောက်ရှိ၊ သီလဝါဆိပ်ကမ်းဒေသမြေကွက်အမှတ်(၁၅/၁၆)ရှိ ELITE PETROL CHEMICAL Co,Ltd ၌ ( ၂၉.၅.၂ဝ၂၄ ) ရက်နေ့ နံနက် ( ၈ ) နာရီအချိန်မှ စတင်ဆောင်ရွက်ပေးခဲ့သည်။
May 30,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါး၊ နှံစားပြောင်း၊ ပြောင်းဖူး၊ ဆီထွက်သီးနှံအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ငရုပ်၊ ချည်မျှင်ရှည်ဝါ၊ ငှက်ပျော၊ သရက်၊ ကွမ်း၊ ရှောက်၊ သံပရာ၊ နနွင်း စသည့် သီးနှံမျိုးစုံစိုက်ပျိုးကြကြောင်းနှင့် နနွင်း(၁)ပိဿာငွေ(၁၅၀၀၀)ကျပ်ဈေးဖြင့် ရောင်းချရသဖြင့် နနွင်းလက်ဝယ်ရှိသော တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
May 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့ နံနက် (၉) နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။
May 30,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ပန်းတောင်း)မဥ္ဇူသကခန်းမတွင်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူးသန်းလွင်၊ အဖွဲ့ဝင်(၂) ဦးအေးကြိုင်၊ မြို့နယ်ပညာရေးမှူးဆရာကြီးဦးသိန်းဒန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်းအေး၊ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ကျောင်းသား/သူများ စုစုပေါင်း (၈၅) ဦးတက်ရောက်ခဲ့သည်။
May 30,2024
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် သန်လျင်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ကျင်းပသည်။
May 30,2024
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြိတ်တက္ကသိုလ်ဝင်းအတွင်း စိမ်းလန်းစိုပြေသာယာလှပရေး (၂၀၂၄)ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်တက်ရောက်၍ ဝန်ကြီးချုပ် ဦးဆောင်၍ မိုးရာသီသစ်ပင်များကို တက်ရောက်လာကြသူများနှင့်အတူ တစ်ပျော်တစ်ပါး စိုက်ပျိုးပေးခဲ့ကြသည်။
May 30,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့ နံနက် (၇) နာရီအချိန်က မြို့တော်ခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
May 30,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြရိပ်ညိုခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။