ရွှေတောင် မေ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဂွေးတောက်မြောင်ကျေးရွာအုပ်စု၊ ကဒီပင်ကျေးရွာ၊ တရုတ်မှော်သစ်တောကြိုးဝိုင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၄ ခုနှစ်၊ ကျေးရွာသုံးထင်းစိုက်ခင်း တစ်ရွာ(၂)ဧကသစ်ပင်စိုက်ပွဲတော်အခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ ကျေးရွာသုံးထင်းစိုက်ခင်းတစ်ရွာ(၂)ဧက သစ်ပင်စိုက်ပွဲတော်အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးမှူးဦးဇာနည်ဝင်းနှင့်ဝန်ထမ်းများ၊ ဂွေးတောက်မြောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများတက်ရောက်ခဲ့ကြပြီး ၂၀၂၄ ခုနှစ်၊ ကျေးရွာသုံးထင်းစိုက်ခင်း တစ်ရွာ(၂) ဧကသစ်ပင်စိုက်ပျိုးခဲ့ရာ ယူကလစ်(၈၄၀)ပင်၊ မန်ဂျန်ရှား(၁၅၈၀)ပင်၊ စုစုပေါင်း(၂၄၂၀) ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)