ဝေါ မေ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဝေါမြို့အခြေခံပညာအထက်တန်းကျောင်း သီရိဇေယျာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုကိုက အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများက ကျောင်းသား၊ ကျောင်းသူများသို့ ကျောင်းဝတ်စုံ၊ စာရေးကိရိယာများပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့်သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူ ကျောင်း(၁၃၀)ကျောင်းနှင့် ဘ.က.ကျောင်း(၈)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁)ကျောင်းမှ ဆရာ/ ဆရာမများနှင့် ကျောင်းသားမိဘစုစုပေါင်း (၂၀၀ )ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)